ရငဲရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းဖျောက်
အောက်တိုဘာလ ၂၇ရက်နေ့၊ ၂၀၂၃ခုနစ် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ကျွဲမင်းကုန်းရွာမှာ မြေမြှပ်အလောင်းဖျောက်ခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၅ရက်နေ့မှာ သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အင်အား…