တောင်ကလေးကျေးရွာမှာ စစ်ကောင်စီကသေနတ်နဲ့ပစ်ခတ်လို့ ဒေသခံအမျိုးသား(၁)ဦးသေဆုံး
နိုဝင်ဘာလ ၂၂ရက်၊ ၂၀၂၃ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးကျေးရွာမှာစစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကျေးရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေ ဆီကနေသိရပါတယ်။ နိုဝင်ဘာလ (၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်ကျေးရွာအတွင်း သေနတ်သံ(၅)ချက်ကြားခဲ့ ရပြီး ဒီနေ့နိုဝင်ဘာလ(၂၂)ရက်နေ့မနက်ပိုင်းမှတော့အသက်(၃၅)နှစ်ဝန်းကျင် အရွယ်ဦးသိန်းထွန်း ရဲ့ အလောင်းကို တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာတွေ့ရှိခဲ့ရတယ်လို့…