စစ်ကောင်စီတပ်ကကြာအင်းဆိပ်ကြီးမြို့တွင်းကိုလက်နက်ကြီးတွေနဲ့ချိန်ထားတာကြောင့် ဒေသခံတွေမှာထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ချိန်ထားတာကြောင့် ဒေသခံပြည်သူတွေမှာ မြို့တွင်းမနေရဲကြတော့ပဲ အနီးအနား ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့တွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ဘက်က…