နှစ်လနီးပါးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ချောင်းနှစ်ခွကျေးရွာကနေအိမ်တွေ ဖောက်ထွင်းခံထားရ
ဇန်နဝါရီလ ၆ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းက နှစ်လနီးပါးအကြာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွကျေးရွာက ဒေသခံပြည်သူနေအိမ်တွေမှာ ဖောက်ထွင်းခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်မရသိရပါတယ်။ နေအိမ်(၁၀၀၀) ဝန်းကျင်ရှိတဲ့ချောင်းနှစ်ခွကျေးရွာမှာပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့ ကနေစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်…