မြန်မာ

လိပ်သိုလ်မြို့အနီးကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

သြဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၆၀၃ ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် မကြာခဏနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်…

မြန်မာ

သင်္ကန်းတုံးကျေးရွာမှာ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ သင်္ကန်းတုံးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ…

မြန်မာ

မြဝတီမြို့အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မင်းလက်ပံကျေးရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရ

သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မင်းလက်ပံကျေးရွာက ဒေသခံပြည်သူတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက…

မြန်မာ

ဧကနိကျေးရွာမှာ စစ်ကောင်စီတပ်တွေမီးရှို့လို့  နေအိမ် ၄၀ ကျော်မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်တွေပစ်ခတ်လို့  ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့  ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့…

မြန်မာ

လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

သြဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့်…

မြန်မာ

ထာဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅(က)  နဲ့တရားစွဲတယ်လို့ သိရ

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် ထားဝယ်ခရိုင် ဒီမိုကရေစီတက်ကြွလှုပ်ရှားမှု သပိတ်ကော်မတီဝင်၊ အကြမ်းမဖက် လူထုဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားနေတဲ့ ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီတပ်က တရားစွဲလိုက်တယ်လို့ ကိုမင်းလွင်ဦးရဲ့ ပြောပြချက်အရ…

မြန်မာ

​မြဝတီမှာအခြေခံစားသောက်ကုန်တွေ ဈေးတင်မရောင်းဖို့ကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက လိုက်လံကြေငြာနေ

သြဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အခြေခံစား သောက်ကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေ ဈေးတင်မရောင်းဖို့ကို စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေက ကားနဲ့လိုက်လံ ကြေငြာတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။ သြဂုတ်လ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေက ကုန်ပစ္စည်း…

မြန်မာ

လက်ခတ်တောင်တပ်စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေ

သြဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာရှိတဲ့ လက်ခတ်တောင်တပ်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေတာကြောင့် လက်ခတ်တောင်အနီးတစ်ဝိုင်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ Cobra Column ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ခတ်တောင်တပ်စခန်းကုန်းကို…

မြန်မာ

ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်က ဝဇွမ်းတောရွာက နေအိမ် ၃ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီး

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ရေဖြူမြို့နယ်နဲ့ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက ဝဇွမ်းတောကျေးရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့  တချို့အိမ်တွေကိုလည်း ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကိုလည်း…

မြန်မာ

ဖာပွန်မြို့က စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဗုံးကြဲတိုက်ခိုက်ခံရ

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီမှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဖာပွန်မြို့ဒေသခံတွေက ပြောပါတယ်။ ဖာပွန်မြို့မှာရှိတဲ့…