ကော့ကရိတ်မြို့ ၆၀ ရာခိုင်နှုန်းကို ထိန်ချုပ်ထားနိုင်ပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ၁ရက်နေ့ကနေစပြီး အခုဖေဖော်ဝါရီလ ၂၅ရက်နေ့ထိကိုစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအခုလက်ရှိအချိန်မှာတော့ မြဝတီ−ကော့ကရိတ် (အာရှလမ်းပိုင်း)နဲ့ မြို့ပေါ်ဧရိယာ၆၀ရာခိုင်းနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ၃လနီးပါးအကြာဖြစ်ပွားနေတဲ့ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ…