သင်္ဃန်းညီနောင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ၅၀၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ
မတ်လ ၁၁ရက်၊ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာစစ်ကောင်စီတပ်ကပါလေကြောင်းကနေ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်တာ၊ ခလရ ၂၇၅တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံ၅၀၀၀ဝန်းကျင်ဟာလည်း မြဝတီမြို့ဘက်မှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေနဲ့စစ်ရှောင်ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ရက်နေ့ကနေစပြီးဒီနေ့ မတ်လ၁၁ရက်နေ့နေ့လယ်၁နာရီဝန်းကျင်အချိန်အထိကို…