ဖာပွန်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားကာ ဒေသခံထိခိုက်မှုရှိနေ
မတ်လ ၂၀ရက်၊၂၀၂၄ခုနှစ် ကရင်ပြည်နယ်၊ဖာပွန်မြို့မှာ စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာအရပ်သားပြည်သူထိခိုက်ဒဏ်ရာ ရရှိတာမျိုးလည်းရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းအချိန်ထိ ဖာပွန်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာဖာပွန်အခြေစိုက်ဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်မတ်လ၁၉ရက်နေ့မနက်၁၁နာရီဝန်းကျင်အချိန်မှာတော့ ဖာပွန်မြို့ရှိ ကုလားကိုင်းကျေးရွာကိုလက်နက်ကြီးကျရောက်ပေါက်ကွဲကာ အသက်၅၀အရွယ်ဒေါ်ဆိုင်ရာဘီနဲ့အသက်၁၈နှစ်အရွယ်မောင်မာစအွတ်တို့လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “၁၈…