မြဝတီမြို့မှာ ဆန်ဆိုင်အားလုံးနီးပါးပိတ်ထားတာကြောင့် ဆန်ဝယ်မရဖြစ်နေ
ဇွန်လ ၁၂ရက် ၂၀၂၄ ကရင်ပြည်နယ်၊မြဝတီမြို့မှာရှိတဲ့ ဆန်ဆိုင်တွေမှာ ဇွန်လ ၁၁ရက်နေ့မနက်ပိုင်း ကတည်းက ပိတ်ထားတာကြောင့် ဆန်တွေဝယ်မရပဲဖြစ်နေတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။ ဒီနေ့ ဇွန်လ ၁၂ရက်နေ့မနက်ပိုင်းမှာတော့ဆန်ဆိုင်တချို့မှာဆန်ကြမ်း ၆ပြည် အိတ် သေးတစ်အိတ်ကို ၃၅၀၀၀၊၄၀၀၀၀ ကျပ်နှုန်းနဲ့ လူဦးရေးအကန့်အသတ်နဲ့ရောင်းချပေးနေတာဖြစ်ပြီးဆန်ဆိုင်အများစုမှာတော့ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…