မရမ်းကုန်းကျေးရွာကအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်
ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၂၄ခုနှစ် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊မရမ်းကုန်းကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၇ရက်နေ့မနက်၉နာရီဝန်းကျင်အချိန်မှာ ချောင်းနှစ်ခွကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီသားတွေဟာ ကျေးရွာအပြင်မှာရှိတဲ့ ဆိတ်ကျောင်းနေသူအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီးနောက် ပါလာတဲ့သုံးဘီးဆိုင်ကယ်နဲ့ လူကိုပါအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး…