Homeသတင်းမြန်မာပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ပအိုဝ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၈ ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ August 24, 2024May 10, 2026byHein Latt ======== ဝါဆို ၂၄ သြဂုတ် ၂၀၂၄ ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ကကျေးရွာတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA) မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)ရှိရာကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ (၁၄)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲ တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ (၄၈)ဦးသေဆုံးခဲ့ပြီး အလောင်း (၃၁)လောင်း ကျန်ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ငယ် (၁၄)လက်၊ ၆၀ မမ ပြောင်းတို (၁)လက်နဲ့ ဒရုန်း (၂)စင်း သိမ်းဆည်းရမိခဲ့တယ်လို့ PNLAပအိုဝ်း တပ်ကထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပူးပေါင်း PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ဆီဆိုင်မြို့နယ်အတွင်းက ပအိုဝ်းတိုင်းရင်းသားရွာတွေဖြစ်တဲ့ မီရဲ၊ ထီရီးပွဉ်ရင်း၊ ပန်အောင်၊ လွယ်ထွယ်ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ အကြိမ်းပေါင်း (၁၂၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)နှစ်အရွယ်ကလေးသူငယ်အပါအဝင် (၄)ဦး ဒါဏ်ရာရကာ နေအိမ် (၄)လုံး ထိမှန်ပျက်ဆီးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆီဆိုင်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား (၂၀၂၄)ခုနှစ် ဇန်နဝါရီလပိုင်းကတည်းက အခုချိန်ထိ တိုက်ပွဲတွေပြင်းထန်းခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဘာသာရေးဆိုင်ရာအဆောက်အအုံးတွေ ဆေးရုံ၊ ဆေးပေးခန်းတွေ စာသင်ကျောင်းတွေ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောင်ဦးပေါင်း (၆၀၀)ကျော်ပျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူဦးရေ (၁၀၀)ဝန်းကျင်သေဆုံးပြီး လူဦးရေခြောက်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သတင်းအချက်အလက်တွေကဖော်ပြထားပါတယ်။
ထာဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅(က) နဲ့တရားစွဲတယ်လို့ သိရ ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် ထားဝယ်ခရိုင် ဒီမိုကရေစီတက်ကြွလှုပ်ရှားမှု သပိတ်ကော်မတီဝင်၊ အကြမ်းမဖက် လူထုဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားနေတဲ့ ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီတပ်က တရားစွဲလိုက်တယ်လို့ ကိုမင်းလွင်ဦးရဲ့ ပြောပြချက်အရ…
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ − By− နော်အယ်နီး Date- July 23, 2025 တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး…
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီး စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံကနေ သိရပါတယ်။…