တပ်ကုန်းနယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စု မိုင်းဆွဲခံရ ၆ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

By – ထက်မြတ်
Date – August 11, 2026
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်)ဆီက သိရပါတယ်။
ဩဂုတ် ၁၀ ရက် မနက် ၁၀ နာရီ‌ေကျာ်လောက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၆၀ ဝန်းကျင် နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးရတနာမြေဘက်က‌ေန ကန်နှစ်ဆင့်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ချောင်းဆုံရွာနဲ့ ကန်နှစ်ဆင့်ရွာကြားအရောက်မှာ ကာကွယ်ရေးတပ်က ပဒေသာမိုင်း (၈) လုံးနဲ့ အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုဘက်မှ ၆ ဦးသေဆုံးပြီး ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
“သေဆုံးတာကိုတော့ မျက်မြင်အချို့နဲ့အတူ အနီးကပ်စောင့်ကြည့်နိုင်ခဲ့တဲါ အထောက်များမှတဆင့်အတည်ပြုနိုင်ခဲ့တာပါ၊ထိတွေ့ပစ်ခတ်တာမျိုးတော့မရှိဘူးဗျ မိုင်းဆွဲခံရပီး စကစဘက်က ရမ်းသမ်းပစ်ခတ်တာမျိုးတွေပဲရှိပါတယ်ဗျ”လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်)မှတာဝန်ရှိသူကပြောပါတယ်။
အခုလို မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ထပ်မံ မိုင်းဆွဲခံရမှာကို စိုးရိမ်တဲ့အတွက် မောင်းခွက်ရွာက ပြည်သူ့လှည်းများကို မတရားသိမ်းဆည်းခဲ့သည့်အပြင် လှည်းမရှိတဲ့ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် မတရား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး မိုင်းဆွဲမှုကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူများကို သယ်ဆောင်ပြီး အမြန်လမ်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မောင်းခွက်ကနေ အောင်သပြေရွာဘက်ကို အပြိုင်စစ်ကြောင်းထိုးလာတဲ့ နောက်ထပ် အင်အား (၆၀) ပါ အခြားစစ်ကြောင်းတစ်ကြောင်းဟာလည်း မိုင်းဆွဲခံရသည့် အသံကြားပြီးနောက် ချောင်းဆုံရွာဘက်ကို လမ်းကြောင်းပြောင်းလာခဲ့ပြီး လက်ရှိမှာတော့ ကန်နှစ်ဆင့်ရွာကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးတာ နဲ့ ပတ်သက်ပြီး People’s Radio Myanmar အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *