မြစ်ကြီးနားမြို့တွင် အိမ်သုံးကားတစီး လောင်စာဆီဖြည့်ရင်း မီးလောက်ပျက်စီး။

မြစ်ကြီးနားမြို့တွင် အိမ်သုံးကားတစီး လောင်စာဆီဖြည့်ရင်း မီးလောက်ပျက်စီး။

ဇွန် ၊ ၄ ၊၂၀၂၆။

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ ၊ တပ်ကုန်းရပ်ကွက်မှာ ဖိုးဝှီးအမျိုးအစား အမဲရောင်အိမ်စီးကားတစ်စီး ဆီဖြည့်နေချိန် နေပူရှိန်ကြောင့် မီးလောင်ခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ ဒေသအခေါ် အဘိုးအိုနဲ့သားသုံးယောက် လမ်းဆုံနားက ဧရာဝဏ်စက်သုံးဆီဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။

” နေကပူတော့ ကားဆီဖြည့်နေရင်း တန်းလန်း မီးထတောက်တယ်လို့ပြောတယ်။ ဆိုင်ထဲဆို မီးကကူးသွားမှာဆိုးလို့ ဝန်ထမ်းတွေနဲ့အဲ့ကားကိုလမ်းမပေါ်တွန်းချတာ။ မီးသတ်ဆေးဗူးနဲ့ဖြန်းလည်းမရလို့ မီးသတ်ကားပါရောက်လာရတယ်”လို့ တပ်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ကားကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ပါဝင်ကူညီမီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

” ကားပိုင်ရှင်လည်း ကြည့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ဘူးလေ။ မိုးတွင်းလို့ပြောတာ နေကတော်တော်ပူချက်။ မြစ်ကြီးနားတော့ ခုရက်ပိုင်းမီးလောင်တာခဏ ခဏ။ လောင်သွားတဲ့ကားတော့ ဘာမှရစရာကိုမရှိတော့ဘူး ” လို့ မြေမြင့်ရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ မိုးရာသီဆိုပေမယ့် နေပူရှိန်အလွန်မြင့်မားတာကြောင့် မီးဘေးအန္တရယ် ပိုမိုသတိထားဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်မှာလည်း ဇွန်လ ၃ ရက်နေ့က လျှပ်စစ်ဝါယာရှောခ်ဖြစ်ခဲ့တာကြောင့်လူနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

ပုံစာ – ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ တပ်ကုန်းရပ်ကွက် ၊ အဖိုးနဲ့သားသုံးယောက်လမ်းဆုံအနီး ဧရာဝဏ်ဆီဆိုင်မှာ ဒီကနေ့ နေ့လည် တစ်နာရီအချိန်လောက်က လောင်စာဆီဖြည့်နေစဥ် နေပူရှိန်ကြောင့် ဖိုးဝှီးအိမ်စီးကားတစ်စီး မီးလောင်ခဲ့ပျက်စီးခဲ့သည်အား မြင်ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *