Mobile uploads
အမေရိကန် -အီရန်စစ်ပွဲ ၊ ယာယီအပစ်ရပ်စဲရေးနဲ့နောက်ဆက်တွဲ စိန်ခေါ်မှုများ
Date – April 8 , 2026
ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စေခဲ့တဲ့ အမေရိကန် – အီရန် စစ်ပွဲဟာ ယနေ့ ဧပြီလ ၈ရက်နေ့မှာတော့ နှစ်ပတ်ကြာ ယာယီအပစ်ရပ်စဲရေး (Ceasefire) ကြေငြာတဲ့အခြေနေကို ရောက်ရှိလာခဲ့ပြီး အီရန်ဘက်ကလဲ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီစစ်ပွဲဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့ပါတယ်။
တစ်လကျော်ကြာ စစ်ပွဲအတွင်း နှစ်ဖက်ထိခိုက်ပျက်စီး မှုတွေလဲ ရှိခဲ့တယ်လို့သိရပါတယ်။
စစ်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုစောင့်ကြည့်ရေး (Airwars) အဖွဲ့ရဲ့ မှတ်တမ်းတွေအရ စစ်ပွဲပထမလအတွင်း အီရန်ဘက်က အနည်းဆုံး အရပ်သား ၁,၄၄၃ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲက ၂၁၇ ဦးမှာ ခလေးငယ်တွေ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ဆေးရုံ ၆၀ နဲ့ စာသင်ကျောင်း ၄၄ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အီရန်ဘက်က တုံ့ပြန်မှုတွေကြောင့်လဲ အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသတွေက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ကမ္ဘာ့လောင်စာဆီ ပြတ်လပ်မှုနဲ့ စျေးနှုန်းမြင့်တက်မှုတွေဖြစ်ခဲ့ပါတယ်။
စစ်ပွဲကာလအတွင်း အီရန်တို့က ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြာထဲကတခုဖြစ်တဲ့ ဟော်မုတ်ရေလက်ကြားကို ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေ ဖိအားများခဲ့ရပါတယ်။
ဒါကိုသမ္မတထရမ့်က သတ်မှတ်ချိန်အတွင်း ဟော်မုတ်ရေလက်ကြား ပြန်မဖွင့်ပေးပါက အီရန် ကိုအမြစ်ပြတ်ဖျတ်ဆီးပြီး အီရန်ယဉ်ကျေးမှုကိုပါ အဆုံးသတ်ပစ်မယ်လို့ ကြေငြာခဲ့ပါတယ်။
သို့သော် ဒီသတ်မှတ်ချိန် မတိုင်ခင်လေးမှာပဲ ပါကစ္စတန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုဟာ စစ်ပွဲရဲ့အဓိက အချိုးအကွေ့ ဖြစ်လာခဲ့ပါတယ်။
သမ္မတထရန့်က သူ့ရဲ့ Truth Social လူမှုကွန်ယက်မှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်နဲ့ စစ်သေနာပတိချုပ် အာဆင်မူနီယာတို့ရဲ့တောင်းဆိုမှုကြောင့် အီရန်ကို ဗုံးဆက်ကြဲမဲ့ အစီအစဉ်ဆိုင်းငံ့ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက် မြို့မှာ လာမဲ့ သောကြာနေ့ ဧပြီ ၁၀ ရက်နေ့မှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲအတွက် အီရန်ဘက်က တောင်းဆိုချက် ၁၀ ချက် ကိုပြင်ဆင်ထားတယ်လို့ သိရပြီး အဲ့ဒီထဲမှာ
ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့ လွှမ်းမိုးမှုနှင့် ကြီးကြပ်မှုကို အသိအမှတ်ပြုဖို့၊ အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းများမှ အမေရိကန် တိုက်ခိုက်ရေးတပ်အားလုံး ရုပ်သိမ်းဖို့၊စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် အီရန်ကိုအပြည့်အဝ လျော်ကြေးပေးဖို့ တွေလဲပါဝင်ပါတယ်။
အီရန်ရဲ့ ၁၀ ချက်ပါ အဆိုပြုလွှာရဲ့ ဖာစီ (Farsi) ဘာသာ မူရင်းစာသားမှာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်အတွက် “ယူရေနီယံ သန့်စင်မှုကို အမေရိကန်နဲ့မဟာမိတ်တွေမှ လက်ခံရန်” ဆိုတဲ့ စကားလုံး ပါဝင်နေသော်လည်း၊ နိုင်ငံတကာ သတင်းထောက်များထံ ဖြန့်ဝေတဲ့ အင်္ဂလိပ်ဘာသာပြန် စာသားမှာတော့ အဲ့ဒီအချက်ကို ဖျောက်ထားတယ်လို့ တွေ့ရှိရပါတယ်။ အဲ့ဒီ ကွဲလွဲမှုဟာ အမေရိကန်နဲ့ အစ္စရေးတို့ လက်မခံနိုင်တဲ့ အချက်ဖြစ်လာနိုင်ပြီး ဆွေးနွေးပွဲကိုလဲ အဟန့်အတား ဖြစ်စေနိုင်တယ်လို့ Independent Television News က ထောက်ပြထားပါတယ်။
ဒါ့အပြင် ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ကြေညာချက်မှာ အပစ်ခက်ရပ်စဲရေးနဲ့ပတ်သတ်ပြီး လဘနွန် နဲ့ တခြားနေရာတွေက စစ်မျက်နှာအားလုံး ရပ်စဲရေးပါဝင်တယ်လို့ဆိုသော်လည်း နေတန်ယာဟုက အပစ်ရပ်စဲရေးကို လက်ခံသော်လည်း လက်ဘနွန်စစ်မျက်နှာကိုမူ ဆက်လက်တိုက်ခိုက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီအပစ်ရပ်စဲရေးအပေါ် နိုင်ငံတကာက ကြိုဆိုနေကြသော်လည်း အီရန်အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့အပေါ် ယုံကြည်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း သူတို့အနေနဲ့ အမေရိကန် နဲ့ ဆွေးနွေးမည်ဖြစ်သော်လည်း အမေရိကန်အပေါ် လုံးဝအယုံအကြည်မရှိပဲ ဆွေးနွေးမဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ယခင်ကလည်း သံတမန်ရေးအရ ဆွေးနွေးနေစဉ် စစ်ရေးအရ အသာစီးရရန် ပစ်မှတ်ထားတိုက်ခိုက်တက်တဲ့ သာဓကများ ရှိခဲ့ပါတယ်။
ယခင် နျူကလီးယားဆွေးနွေးပွဲများ (JCPOA) ပြုလုပ်နေစဉ်အတွင်း အီရန်နျူကလီးယားပညာရှင်တွေ လုပ်ကြံခံရတာနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရတာတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲဖြစ်ပါတယ်။