လမ်းကင်းထွက်လာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးတပ် ထိတွေ့မှုဖြစ်၊ ‌စစ်အုပ်စုဘက်မှ ၄ ဦးသေ ၊ ၂ ဦးဒဏ်ရာရ ။

Photos

By – ထက်မြတ်
Date – April 7, 2026

မကွေးတိုင်း ၊ ပခုက္ကူစက်မှုဇုံဂိတ်နားမှာ လမ်းကင်း
ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်ကထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ တပ်ခွဲ-၂ (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ – M.R.G)မှ ဆီကသိရပါတယ်။

ပခုက္ကူ ဒေသ အခြေစိုက် မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ – M.R.G က ရဲဘော်ကိုခက် ဦးဆောင်တဲ့တပ်ဖွဲတွေ အကြမ်းဖက်စစ်အုပ်စုရဲ့ ပခုက္ကူစက်မှုဇုံဂိတ်ကို သွားရောက်တိုက်ခိုက်တာမှာ လမ်းကင်းထွက်လာတဲ့ စစ်အုပ်စုနဲ့တွေ့ပြီး ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ခဲ့တာလို MRG တပ်ဖွဲပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

” စကစ အင်းအားခြောက်ယောက်‌နဲ့ ကင်းပတ်ထွက်လာတာပါဗျ။ထိတွေ့မှုက ဂိတ်သွားပစ်တာ ဂိတ်မရောက်ခင် လမ်းမှာတင် ပစ်ခတ်မှုဖြစ်သွားတော့ အနီးကပ်ကြီးဖြစ်သွား‌ပါတယ် “လို MRG ပြန်ကြားရေးတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။

အဲဒိပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့သလို MA-3 ( ၂ )လက်၊ MA-1 MK II T1 ( ၁ )လက် သိမ်းဆည်းရရှိခဲ့တယ်လို သိရပါတယ်။

“စစ်တပ်ကသေဆုံးမှုကတော့ မျက်မြင်တွေ့ရတာပါ သေနတ်ခြောက်လက်လုံး စစ်တပ်ဘက်ကကျန်ခဲ့ပေမဲ့ သုံးလက်ပဲကောက်ချိန်ရခဲ့ပါတယ်၊ လေးယောက်သေပြီး ‌နှစ်ယောက်ကလဲ ဒဏ်ရာတွေနဲ့ပြေးတာပါ၊ သူတိုကျည်ကာက အရမ်းကောင်းလို ချက်ချင်းမသေတာဖြစ်မယ်”လို အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

နှစ်ဖက် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စက်မှုဇုံ (၆)လမ်းဂိတ်က‌ နေ (၆၀ )မမ /( ၄၀ )မမ၊
မော်တာစိန် ပြောင်းတွေ နဲ့ ပစ်ကူပေးပစ်ခတ်တာမျိုးရှိခဲ့ပါတယ်။

လက်ရှိ မှာ ဒေသတော်လှန်ရေးတပ်တွေ နဲ့ တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုက စစ် ကြောင်းအင်အား ၅၀ ဝန်းကျင်နဲ့‌ ရောက်လာပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာအနီးဝန်းကျင်က ဒေသခံတွေကို စုံစမ်းစစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လိုသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *