Photos
နတ်တလင်းမြိုကရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးတိုက်ခိုက်နေ၊ သားအမိနှစ်ဦးသေဆုံး၊ ရွာသား တစ်ရာခန့် အဖမ်းခံထားရ
ဧပြီ ၇၊ ၂၀၂၆
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြိုနယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး ၊ရွာသားတစ်ရာခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းထားတယ်လို ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဧပြီလ ၅ ရက်နေ့က နတ်တလင်းမြိုနယ်၊ ကန်သာ ယာရွာထဲမှာ စခန်းချပြီး ရွာသားတစ်ရာခန့်ကိုဖမ်းထားတယ်လို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။
ဧပြီလ ၆ ရက် မနေ့ကလည်း အကြမ်းဖက်စစ်တပ်ဟာ ကန်သာယာရွာကနေ အနီးပတ်ဝန်းကျင်ကရွာ တွေထဲ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ပဲမခမ်းရွာထဲက အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရ တယ်လိုလည်း ပြောပါတယ်။
“ကန်သာယာရွာသားတွေဖမ်းထားတာ ၃ ရက်ရှိပြီ၊ ပဲခမ်းမရွာကို ဒရုန်းတွေနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်တယ်၊ အချက်ပေါင်းတစ်ရာကျော်လောက်ရှိမယ်၊ ပေါင်းတည် ခမရ ၁၀ ကနေလည်း လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်။” လို ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဧပြီလ ၆ ရက် မနေ့ကမနက် ၁၁ နာရီခွဲလောက်ကလည်း အင်းမမြို တပ်မ ၆၆ ကနေ စက်တပ်လေထီး ၃ စီးနဲ့ ပဲမခမ်းရွာထဲကို ဗုံးသီး ၉ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။
လက်ရှိအချိန်ထိ နတ်တလင်းမြိုနယ်ထဲမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကန် သာယာ၊ ပဲမခမ်း၊ ညောင်ဝိုင်း၊ စံကြီးလောင့်၊ သရက်ပုဂံရိုး စတဲ့ရွာပေါင်း ၂၀ နီးပါးက ထောင်နဲ့ချီတဲ့ ဒေ သခံတွေ စစ်ဘေးရှောင်နေကြရတယ်လို သိရပါတယ်။
#peopleradiomyanmar