Mobile uploads
Mobile uploads
Mobile uploads
Mobile uploads
လက်ဝှေ့လောကကိုပြန်ဝင်ရောက်လာတော့မဲ့ အလွတ်တန်းချန်ပီယံဟောင်း ဒေဝ
By – Lin Kha
Date – 7 August, 2026
၂၀၂၃ ခုနှစ်ကတည်းက လက််််််််ဝှေ့လောကကနေ အနားယူထားတဲ့ မြန်မာပြည်ချန်ပီယံဟောင်း ကနေဒါနိုင်ငံသား ဒေဝ ဟာ လာမဲ့နှစ်မှာ လက်ဝှေ့ပြန်လည်ထိုးသတ်တော့မှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက် အကောင့်ကနေကြေငြာသွားပါတယ်။
အလွတ်တန်းချန်ပီယံခါးပတ်ကို ၆ ကြိမ်အထိ ကာကွယ်ထားတဲ့ ဒေဝ ဟာ အာဏာသိမ်းမှုဖြစ်စဉ်ကို ဝေဖန်တာကြောင့် ပြည်ဝင်ခွင့်ပိတ်ခံရပြီး မန္တလေး ငလျင်ဘေးအန္တရယ် ကျရောက်တုန်းကလည်း ဝင်ခွင့်ရဖို့ ထပ်မံံံံံံံတောင်းဆိုခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
ဒေဝဟာ သူ့ရဲ့ နောက်ဆုံးပွဲစဉ်ကို ကမ္ဘောဒီးယားရဲ့နာမည်ကျော်ဖိုက်တာ ပရိုဆန်နမ် နဲ့ ခွန်ခမာ စည်းမျဉ်းအောက်မှာ ကစားခဲ့ပြီးအစီးသရေ ကစားနိုင်ခဲ့ပါတယ်။
ပရိုဆန်နမ် နဲ့ ပွဲစဉ်ဟာ ဒေဝရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး လက်ဝှေ့ကစားခြင်းကနေ အနားယူကြောင်းကြေငြာခဲ့ပါတယ်။
ပရိတ်သတ်တွေက ဒေဝ ကိုလက်ဝှေ့ ပြန်ထိုးဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ပေမဲ့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့တဲ့ ဒေဝဟာ Lethwei Fighting Championship တည်ထောင်သူ နစ်ချတ်မန်း ရဲ့စည်းရုံးမှုနဲ့အတူ ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်လာတော့မှာလည်းဖြစ်ပါတယ်။
နစ်ချတ်မန်းဟာ ဒေဝနေထိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့အထိ လူကိုယ်တိုင်သွားရောက် စည်းရုံးကာ ဒေဝကလည်း စာချုပ်မှာလက်မှတ်ထိုးခဲ့ကြောင်း ကြေညာသွားခဲ့ပါတယ်။ နစ်ချတ်မန်းရဲ့ LFC နဲ့စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ဒေဝဟာ
“လာမယ့်နှစ်မှာ LFC 1 အတွက် မြန်မာနိုင်ငံကို ပြန်လာရမယ့်အချိန်ကိုလည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။လက်ဝှေ့ပြိုင်ပွဲကိုနောက်တစ်ခါထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားပါတယ် ။
ဒါကြောင့် LFC 1 ကို အကြီးမားဆုံး လက်ဝှေ့ပွဲတစ်ခုဖြစ်အောင် ကျွန်တော် ကြိုးစားသွားမှာပါ။
ကျွန်တော့်ကို အမြဲထောက်ခံပေးနေတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်
အားလုံးကိုချစ်တယ် ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်အကောက်ကနေ ကြေညာသွားပါတယ်။
အသက် ၃၄ နှစ်အရွယ် မြန်မာပြည်ရဲ့ပထမဦးဆုံး ပြည်ပ အလွတ်တန်းချန်ပီယံ ဖြစ်တဲ့ ဒေဝ ဟာ မြန်မာ့လက်ဝှေ့ ကို လူသိများလာအောင် စွမ်းဆောင်နိုင်ခဲ့ပြီး Joe Rogan ရဲ့ကမ္ဘာကျော် Podcast အစီအစဉ်မှာလည်း မြန်မာ့လက်ဝှေ့ကို လူသိများအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒေဝ ဟာ ပြည်တွင်းပရိတ်သတ်တွေကိုလည်း ကြိုးဝိုင်းဆီရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပြီး ဒေဝနဲ့ ထွန်းထွန်းမင်း တို့ကစားခဲ့တဲ့ပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပရိတ်သတ်တွေကြား ရေပန်းစားလူကြိုက်များခဲ့တဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။