သက်ငယ်မုဒိမ်းကျူးလွန်ခဲ့တဲ့ ရဲဘော်ဟောင်းတဦးကို NUG ကပထမအကြိမ်သေဒဏ်ချမှတ်

Photos

By – ထက်မြတ်
Date – April 6, 2026

မကွေးတိုင်း ၊ ဆောမြို့နယ် ၊သီရိရတနာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မနွယ် (အမည်လွှဲ)ကို မုဒိမ်းမှုကျူးလွန်ခဲ့သည့် ရဲဘော်ဟောင်းတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပထမဦးဆုံးအနေနဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို ယောအလင်းတန်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ သီရိ (ရတနာ) ရပ်ကွက်မှာနေထိုင်တဲ့ ၁၃ နှစ်အရွယ်မနွယ် (အမည်လွှဲ)ကိုကာကွယ်ရေးရဲဘော်ဟောင်းဖြစ်တဲ့ အသက် (၂၁) နှစ်အရွယ် မင်းမင်းစိုးက နေအိမ်ကနေ ခေါ်ဆောင်သွားရင်း ပျောက်ဆုံးခဲ့ပါတယ်။

အခုလို ပျောက်ဆုံးသွားတဲ့အတွက် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်မှာ ဆောမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ယာရှိ အခန်းတွင်းတစ်နေရာ ပုတ်ပွသေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ်။

အဆိုပါ ရုပ်အလောင်းကို စစ်ဆေးကြည့်ရာမှာ မင်းမင်းစိုး ခေါ်ဆောင်သွားတဲ့ အသက် (၁၃) နှစ်အရွယ် မနွယ် (အမည်လွှဲ) ရဲ့ရုပ်အလောင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပြစ်မှုကျူးလွန်သူ မင်းမင်းစိုးကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ (ပလဖ) က ဖမ်းဆီးပြီးနောက် တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ရဲ့ ဆောမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

တရားခံ မင်းမင်းစိုးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ ၊ ၃၀၂ ၊ ၂၀၁ တို့ဖြင့် ၅ လကျော်ကြာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ မင်းမင်းစိုးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။

“သူက နှစ်ကြိမ်လောက်ရှိပြီး ကျူးလွန်တာက သက်ငယ်မုဒိမ်းတွေကြီးပဲ အခုသူ သတ်လိုက်တဲ့ကလေးကလည်း သူနဲ့ရင်းနှီးတယ် အဲ့ကလေးနဲ့လည်း ရင်းနှီးတယ် မိသားစုဝင်နဲ့လည်းရင်းနှီးတယ် သူ့ကိုရက်ပိုင်းအတွင်းမှာပဲ ဖမ်းမိတာ သေဒဏ်ပေးတာက NUG ရဲ့ ပထမဆုံးလိုဖြစ်မယ် တစ်ခြားဒေသတွေမှာတော့မကြားဖူးသေးဘူး ”လို ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက People’s Radio Myanmar ကိုပြောပါတယ်။

ပြစ်မှုကျူးလွန်သူ မင်းမင်းစိုးဟာ ဆောခရိုင်တပ်ရင်း (၃) ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ပြစ်မှူကျုးလွန်ခြင်း မပြုလုပ်ခင်ကတည်းက တပ်ထဲကနေ ထုတ်ပယ်ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါ သက်ငယ်မုဒိမ်း လူသတ် ၊ အလောင်းဖျောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ဆောမြို့ရှိ ပြည်သူတွေက တရားခံ မင်းမင်းစိုးအား သေဒဏ်ချမှတ်ပေးဖို့အတွက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

#peopleradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *