Photos
ရွှေဘိုမြို၊ ဆင်အင်းရွာဘုန်းကြီးကျောင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရ၊ သံဃာတစ်ပါးပျံလွန်၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ
April 6 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ် ဆင်အင်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော်တစ်ပါးပျံလွန်ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေတိမ်းရှောင်နေကြတဲ့ အဲဒီဘုန်းကြီးကျောင်းကို ဧပြီလ ၆ ရက် ဒီနေ့မနက် ၁၁ နာရီခွဲ လောက်မှာ ဂျက်ဖိုက်တာတစ်စီးက ဗုံးကြဲခဲ့တာလို ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ဂျက်ဖိုက်တာတစ်စီးက ဘုန်းကြီးကျောင်းကိုလာပစ်တာ၊ သံဃာတစ်ပါးက နေရာမှာတင်ပဲ ပျံလွန်သွား တယ်၊ မန္တလေးကလာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက် ခြေထောက်ထိတယ်၊ နောက်တစ်ယောက် လည်း ဒဏ်ရာတော်တော်လေးပြင်းတယ်။” ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလိုလည်း ပြောပါတယ်။
အဲဒီဘုန်းကြီးကျောင်းထဲမှာ စစ်ကိုင်းနဲ့မန္တလေးဖက်တွေက စစ်ဘေးရှောင်မိသားစုတွေ ခိုလှုနေထိုင်ကြသ လို စာသင်ကြားနေတဲ့ ကလေးငယ်တွေလည်း ရှိကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ဆင်အင်းရွာကိုပဲ စစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့လို အိမ် ၃ လုံး မီး လောင်ပျက်စီးခဲ့ရတယ်လို သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ၂၀၂၆ ခုနှစ် မတ်လအထိ မြန်မာပြည်အနှံ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ငါးထောင်ကျော်မှာ အပြစ်မဲ့ပြည်သူငါးထောင်ကျော် အသက်ဆုံး ရှုးခဲ့ရတယ်လို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။
#peopleradiomyanmar