Photos
အကြမ်းဖက်စစ်တပ်စစ်ကြောင်းကတောင်ကန်ကျေးရွာထဲ နွားတဲမှာနွားချေးတင်နေတဲ့ အမျိုးသား ၃ ဦးကို အကြောင်းမဲ့အဓမ္မဖမ်းဆီးသွား။
By – ထက်မြတ်
Date – April 4 , 2026
မကွေးတိုင်း ၊ စလင်းမြိုနယ်ထဲက တောင်ကန်ရွာသားဒေသခံ ရွာသား ၃ ဦးကိုအကြမ်းဖက်စစ်တပ်က အတင်းအဓမ္မဖမ်းဆီးသွားတယ်လို ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။
ဧပြီလ ၄ ရက် မနက် ၈ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက အင်အား ၃၀ ဝန်းကျင် လောက် နဲ့ တောင်ကန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နွားတဲအတွင်း နွားချေးတင်
အလုပ်လုပ်နေတဲ့ အသက် (၃၀)ကျော်အရွယ်အမျိုးသား ၃ ဦးကိုအတင်းအဓမ္မဝင်ရောက်ဖမ်းဆီးသွားတာလို စလင်းသတင်းတာဝန်ခံကအခုလို ပြောပါတယ်။
” ခွေးစစ်ကြောင်းဝင်တော့ ရွာခံပြည်သူတွေ ထွက်ပြေးကြတယ်ဗျ။ ရွာရဲ့ အနောက်ပိုင်းထဲကို ဝင်ရောက်လာတာ အရှေ့ပိုင်းထိတော့မရောက်ဘူး ။အမျိုးသား ၃ယောက်ကို ဖမ်းဆီးပြီး ထွက်သွားတယ် “လို ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက People’s Radio Myanmar ကိုပြောပါတယ်။
လက်ရှိသတင်းဖြစ်စဥ်တင်ဆက်တဲ့ ညနေပိုင်း
အချိန်အထိ အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးသွားတဲ့ ရွာသား ၃ ဦးကို ပြန်လွတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေဆီကို ဆက်သွယ်တာမျိုးလည်းမရှိသေးဘူးလို စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ဆက်ပြီးပြောပါတယ်။
အဲ့ဒီ တောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်တာမျိုးရှိပြီး အခုလို ဒေသခံပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ ငွေ နဲ့ ရွေးလို ပြန်လွတ်လာတာမျိုးရှိသလို ဖမ်းဆီးထားပြီးသတင်းအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို PRMက သိရပါတယ်။
ဒါ့အပြင် စလင်းမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၅၃၊ ၂၅၄၊ ၂၅၅တပ်ရင်းတွေကနေ ဒေသကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်သလို၊ drone နဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေဆက်ပြီးရှိနေပါတယ်။