Photos
ချောက်နယ်ထဲမှာ စစ်ကြောင်းထိုးပြီးနေအိမ်တွေမီးရှိနေတဲ့စစ်တပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို ၅ဦးထက်မနည်းသေဆုံး။
By – ထက်မြတ်
Date – April 3, 2026
မကွေးတိုင်း ၊ ချောက်မြိုနယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှိဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်အုပ်စုတပ်တွေကို နယ်မြေခံတော်လှန်ရေးတပ်တွေ ဖြတ်တောက်တိုက်ခိုက်လို နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို မကွေးခရိုင်အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီက သိရပါတယ်။
ချောက်မြို ခလရ ၁၃ ကနေထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု နဲ့ ပျူစောထီးပူးပေါင်းတပ်ဟာ ချောက်မြိုနယ်၊အရှေ့မြောက်ခြမ်းရှိ ဆင်ကရွာ ၊ ကြေးနီရွာ ၊ သွေးနက်ရွာ နဲ့ မန္တလေးတိုင်း ညောင်ဦးခရိုင် ညောင်ဦးမြိုနယ်ကနေ ဗိုလ်ကုန်းကျေးရွာတွေအထိ စစ်ကြောင်းထိုး လှည့်လည် မီးရှိ နေတာပါ။
အခုလို စစ်ကြောင်းထိုးဝင်ရောက်နေရင်း ဆင်ကရွာက ပြည်သူအိမ် ၁ လုံး ၊ သွေးနက်ရွာက ပြည်သူအိမ် ၁ လုံး ၊ ဗိုလ်ကုန်းရွာက ပြည်သူအိမ် အလုံး ၃၀ တိုကိုမတ်လ ၃၁ ရက်နေ့မှာမီးရှိဖျက်ဆီးခဲ့ပါတယ်။
အဲဒိ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှိဖျက်ဆီးပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ အဲဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကြေးနီရွာဘက်ကိုထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲတွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ်ခန့် ပထမအကြိမ်ဖြစ် ပွားခဲ့ပါတယ်။
ဒါအပြင် ညနေ ၃ နာရီ အချိန်မှာ အကြမ်းဖက်စစ်အုပ်စု နဲ့ နယ်မြေခံကာကွယ်ရေးတပ်တို ဗိုလ်ကုန်းရွာအနီးမှာ ဒုတိယအကြိမ်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ လောက်မှာ ထပ်ပြီး တိုက်ပွဲဆက်ဖြစ်တာမှာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိမှန်ဒဏ်ရာရရှိခဲ့သလို ကာကွယ် ရေးတပ်ဖွဲဘက်ကလည်းတစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။
“စခသေဆုံးမှုကို အတွင်းသတင်းရရှိတာပါ ထိတွေ့မှုပြီးတော့ စခတွေက မဆုတ်ပါဘူး တိုက်ပွဲ ဖြစ် ပြီး ချောက်မြိုနယ် အုံမြှားရွာသစ်ဘက်ကိုထွက်သွားတယ် အုံမြှောင်းရွာသစ်မှာ ညအိပ်တယ် မြေနီဘက် စစ်ကြောင်းထပ်ထိုးတယ်”လို မကွေးခရိုင်အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်မှတာဝန်ရှိ သူကပြောပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် ဆင်ကရွာ ၊ သွေးနက်ရွာ ၊ ကြေးနီရွာ အစရှိတဲ့ကျေးရွာကပြည်သူတွေဟာ နေအိမ်မှာမနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လိုဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကလည်း ချောက်မြိုနယ်ထဲကို အင်အား ၂၀၀ ဝန်းကျင် နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ ပစ္စည်းများကိုယူဆောင်သွားနေချိန် နယ်မြေခံကာကွယ်ရေးတပ်ဖွဲတွေက Rocket များ ၊ ဒရုန်းများ ၊ လက်နက်ငယ်များ ၊ မိုင်းများ နဲ့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။