Photos
ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသူ စစ်ခေါင်းဆောင်မင်းအောင်လှိုင် သမ္မတရာထူးရယူ။
ဧပြီ ၊ ၃ ၊ ၂၀၂၆။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရတဲ့ အဓိကတရားခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တရားဝင်ရာထူးရယူလိုက်ပြီဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၁၅ နှစ်တိုင်တိုင် စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူခဲ့သူဖြစ်ပြီး၊ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတွေအပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုအားလုံးအတွက် အဓိကတာဝန်ရှိသူအဖြစ် နိုင်ငံတကာတရားရုံးတွေက သတ်မှတ်ထားတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြု ခုခံချေပဖို စစ်ကောင်စီကခန့်ထားတဲ့သူတွေကို တရားရုံးက လက်ခံထားပေမယ့်လည်း၊ အာဂျင်တီးနားတရားရုံးက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေအပြင် အင်ဒိုနီးရှားနဲ့ တီမောနိုင်ငံတိုမှာရှိတဲ့ ဥပဒေကြောင်းအရ အရေးယူမှုတွေကနေတော့ စစ်ခေါင်းဆောင်ဟာ သမ္မတရာထူးယူထားပေမယ့်လည်း ရှောင်လွှနိုင်မှာမဟုတ်ပါဘူး။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ ကိုယ်စားလှယ် ၅၈၄ ဦး တက်ရောက်ခဲ့ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိင်က ထောက်ခံမဲ ၄၂၉ မဲနဲ့ အနိုင်ရရှိကာ သမ္မတဖြစ်လာတာပါ။
မင်းအောင်လှိုင် အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတမှ အခုလို သမ္မတအဖြစ် ရာထူးပြောင်းလဲယူလိုက်တဲ့အပေါ် စစ်တပ်ထောက်ခံတဲ့အသိုင်းအဝိုင်းမှာ လည်း ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
#Peopleradiomyanmar #MinAungHlaing