လုံခြုံရေးအထပ်ထပ်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မိတ္ထီလာရှမ်းတဲလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံး နဲ့

Photos
လုံခြုံရေးအထပ်ထပ်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မိတ္ထီလာရှမ်းတဲလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံး နဲ့ အပစ်ခံရ

By – ထက်မြတ်
Date – April 2 , 2026

မန္တလေးတိုင်း ၊ မိတ္ထီလာမြိုမှာ လုံခြုံရေးအထပ်ထပ်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မိတ္ထီလာရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို Brave Warriors For Myanmar အဖွဲဆီက သိရပါတယ်။

ဧပြီလ ၂ ရက် မနက် ၄ နာရီ ၂၆ မိနစ်လောက်မှာ BWM ရဲ့ Mission 55 အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ မိတ္ထီလာရှမ်းတဲလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၁၀၇ မမ ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၇ လုံးကိုအောင်မြင်စွာပစ်ခတ် နိုင်ခဲ့တယ်လိုဆိုပါတယ်။

အဆိုပါလေတပ်စခန်းကို ပစ်မရအောင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားကနေ ကာကွယ်ရေးတပ်ဖွဲတွေက ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လိုဆိုပါတယ်။

ပစ်ခတ်နေချိန်မှာလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ လေယာဉ်ရပ်နားတဲ့နေရာအပြင် Drone စက်ရုံ ၊ဆီကန်တွေကိုလည်း ပစ်ခတ်ခဲ့တယ်လိုဆိုပါတယ်။

“အဲဒီနေရာက တပ်တော်ဝင်လေတပ်တွေထားရာ လေတပ်စခန်းဌာနချုပ်ဖြစ်တယ်။ ပစ်မရအောင်မြေပြင်လုံခြုံ ရေးအထပ်ထပ်ချထားတယ် ။အဲဒီကြားကနေ မဟာမိတ်တွေ နဲ့ လျှပ်တစ်ပြတ် ထိုးဖောက်ဝင်ရောက်ပြီးတော့ တိုက်ခိုက်ခဲ့တယ်။ကွင်းထဲကို ၃ လုံးကျတယ်ပြောပါတယ်။ ကျနော်တိုက လေယာဉ်ရပ်နားရာကွင်းအပြင် Drone စက်ရုံ ဆီကန်ကိုလည်း target ထဲထည့်ပစ်ထားပါတယ်”လို Brave Warriors For Myanmar အဖွဲမှတာဝန်ရှိ သူကပြောပါတယ်။

ပစ်ခတ်မှုပြုလုပ်နေချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ EC ကင်းထောက် သင်မောင်းလေယာဉ်များ နဲ့ ပတ်ရှာနေတာမျိုးတွေ အချိန်ကြာပြုလုပ်ခဲ့တယ်လို သိရပါတယ်။

မိတ္ထီလာလေတပ်စခန်းဌာနချုပ်ဟာ မြန်မာနိုင်ငံလုံးရှိ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို မွေးထုတ်ပေးတဲ့နေရာ ဖြစ်ခဲ့သလို လေတပ်စခန်းတွေရဲ့ အဓိကခေါင်ချုပ်လေတပ်စခန်းဌာနချုပ်ဖြစ်သလို လေကြောင်း အားလုံးအတွက် အရေးပါပြီး အကြမ်းဖက်စစ်အုပ်စု အားထားရဆုံး လေတပ်စခန်းဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီလေတပ်စခန်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေယာဉ်များထားရှိရာ လေတပ်စခန်းဌာနချုပ်ဖြစ်တာကြောင့် ပစ်မရအောင် မြေပြင်လုံခြုံရေးအထပ်ထပ်ချထားတာပဲဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) အဖွဲရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD – PDF) ၊ Shadow (Mandalay) အဖွဲ ၊ မိုးမခတပ်ဖွဲ ( ညောင်ဦးခရိုင် ပကဖ ) နဲ့ Satan အဖွဲတိုပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

#peopleradiomyanmar #dailynews

Leave a Reply

Your email address will not be published. Required fields are marked *