သံတွဲ ဗုံးကြဲ ခံရမှု ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

Photos
သံတွဲ ဗုံးကြဲ ခံရမှု ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

By-အန်နာ
Date – April 2 2026

ရခိုင်ပြည်နယ်၊ သံတွဲမြိုနယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုနေသည့်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုတစ်စုလုံး သေဆုံးသွားကြောင်း အာရက္ခ တပ်တော်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ (၄) စီးအသုံးပြု၍ သံတွဲမြိုနယ်အတွင်းရှိ ယခင်ခြေလျင်တပ်ရင်း ခလရ (၅၅) စခန်းဟောင်းအနီးသို ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ထိုပြင် ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စခန်းဟောင်းအနီးတွင် စစ်ဘေးရှောင်နေသည့် အပြစ်မဲ့အရပ်သား မိသားစုဝင် (၄) ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

သေဆုံးသူများတွင် ကလေးငယ် (၂) ဦး ပါဝင်ပြီး အခြားသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်အသစ် တာဝန်ယူပြီးနောက်ပိုင်း အရပ်သားမိသားစုဝင်များအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှု ကျူးလွန်ခံရသည့် ပထမဆုံးဖြစ်ရပ်လည်း ဖြစ်သည်ဟု AA က ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသမှုများ ပြုလုပ်ပေးနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

သံတွဲမြိုနယ်သည် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး စစ်ရှုးနေသည့် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

#AA #peoplesradiomyanmar #dailynews

Leave a Reply

Your email address will not be published. Required fields are marked *