အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို ဖုန်းနဲ့ရုပ်သံရိုက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖားကန့် ကျောက်ကုန်သည်တစ်ဦး

Photos
အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို ဖုန်းနဲ့ရုပ်သံရိုက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖားကန့် ကျောက်ကုန်သည်တစ်ဦး ဖမ်းဆီးခံရ။

By – ထက်မြတ်
Date – April 1 , 2026

ကချင်းပြည်နယ် ၊ ဖားကန့်မြို့နယ်က ကျောက်ကုန်သည်တစ်ဦးဟာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်း ဖြတ်သွားတာမှာ ဖုန်းနဲ့ရုပ်သံရိုက်ကူးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖားကန့်အခြေစိုက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီစစ်တပ်ကဖမ်းဆီးသွားသူဟာ ဖားကန့်မြို့မှာ ကျောက်အရောင်းအဝယ်အလုပ်လုပ်ကိုင်တဲ့ ကိုမိုက်ကယ်ဖြစ်ပြီး ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က ဖုန်းနဲ့ Videoရိုက်နေချိန် အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းဖြတ်မောင်းသွားတာကို ရိုက်ကူးမိခဲ့တဲ့ အခြေအနေအပေါ် စစ်အုပ်စုက ဧပြီလ ၁ ရက်နေ့က နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။

“စကစ ထောက်လှမ်းရေးက ကားပေါ်ကနေ တွေ့သွားပုံရတယ်။ ဒီနေ့ နေ့လယ်လောက်မှာ စခတွေက သူ့အိမ်မှာဝင်ဆွဲသွားတာ ။သူ့အိမ်က ဖားကန့်ညောင်ပင်ကုန်းနားမှာ။သူကကျောက်အရောင်းအဝယ်လုပ်တာ။ကျောက်ကုန်သည်ပါ”လို့ ဖားကန့်နယ်ခံတစ်ဦးက ပြောပါတယ်။

အခုလို မတရားဖမ်းဆီးခံရသူ ကိုမိုက်ကယ်ဟာ ဖားကန့်မြို့မှာ ဆိုင်ကယ်စီးပြီး Videoများအပျော်တမ်းရိုက်ကူးသလို ၊ Tik Tok ရိုက်ကူးတာတွေကိုလည်း ဝါသနာကြီးသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အခုလိုဖမ်းဆီးတာဟာ မတရားဖမ်းဆီးခြင်းတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

“ပြောရမယ်ဆို လိုင်းပေါ်မှာအမြဲတမ်း သူကတော့Tik Tok ရိုက်တာတို့၊ Video ရိုက်တင်တာတို့၊ဆိုင်ကယ်စီးဘာညာဆော့တာမျိုး ၊လိုင်းသုံးတာမျိုးတော့ရှိတယ် ။စစ်ရေး၊နိုင်ငံရေးကိစ္စတွေလိုမျိုး ပတ်သက်တာမျိုးတော့မရှိပါဘူး”လို့ သူ့ရဲ့အခြေအနေကိုသိတဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

လတ်တလောမှာတော့ ဖားကန့်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဖမ်းတာ၊ အကြောင်းမဲ့ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာမျိုးရှိခဲ့ပြီး၊ပြီးခဲ့တဲ့မတ်လအတွင်းမှာ KIA / KPDF တပ်ဖွဲ့တွေဘက်ကလည်း သူတို့စစ်ရေးအရ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာနေထိုင်တဲ့ပြည်သူတွေကို စစ်သားသစ်၊ပေါ်တာဆွဲတဲ့အတွက် ဒေသခံတွေကျေးရွာထဲမှာမနေရဲတော့ပဲ ထွက်ပြေး‌ေရှာင်တိမ်းနေရတဲ့ အခြေအနေတွေဆက်ပြီးရှိနေတယ်လို့ သိရပါတယ်။

#ကချင်းပြည်နယ်
#ဖားကန့်မြို့
#ကျောက်ကုန်သည်
#အကြမ်းဖက်စစ်အုပ်စု
#peoplesradiomyanmar

Leave a Reply

Your email address will not be published. Required fields are marked *